သတင်းများ

မင်းကင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jun 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်တွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
မကွေးမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင်(နေဗီယာမြက်)ဧက(၂၀)ကျော် စိုက်ပျိုးထားပြီးဖြစ်
Jun 25,2022
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဇီးကျွန်းကျေးရွာအုပ်စု ရွှေကျင်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် ရက်သတ္တပတ်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေကျင်ကျေးရွာရှိ တောင်သူ ဦးစိန်ဝင်း၏ နေဗီယာမြက်(၁)ဧက စိုက်ခင်းတွင် ပြုလုပ်ဆောင်ရွက်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်း များ ပူးပေါင်းပါဝင်ကာ စုပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jun 25,2022
၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်း ၉ နာရီက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အောက်တကဲရွာသစ်ကျေးရွာရှိ တောင်သူဦးသန်းဝင်း၏ လယ်မြေတစ်ဧက၌ ကျင်းပခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ “အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Jun 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ “အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲကို ယ​နေ့ နံနက်(၁၁) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူခရိုင်လုထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲ
Jun 25,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၄၈)မူးယစ်တပ်ဖွဲ့စုနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
လောင်းလုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Jun 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လောင်းလုံးမြို့(ဃ)ရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jun 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါ မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အေးချမ်းသာယာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စမ်းချောင်းမြို့နယ်၊ လူထုအခြပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး Online Talk Show ကျင်းပ
Jun 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ(၂)နာရီက စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။