ချောက် ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၇)ရပ်ကွက်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်သော အိမ်ထောင်စုများအား ဆန်ရိက္ခာ ထောက်ပံငွေပေးများအပ်ခြင်းကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနခန်းမတွင် ယမန်နေ့ ညနေ ၄နာရီအချိန်က ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦး၊ အဖွဲ့ဝင်(၂) ဦးခင်မောင်သန်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဦးစောမြဖောင်းတို့မှ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စု(၂၀)စု ၊ အိမ်ခြေ(၂၀)လုံး၊ လူဦးရေ ကျား(၄၃)ဦး၊ မ(၃၉)ဦး စုစုပေါင်း(၈၂)တို့အား တစ်ဦးလျှင် ငွေကျပ်(၂၁၀၀)နှုန်းဖြင့် ဆန်ရိက္ခာ ထောက်ပံ့ငွေစုစုပေါင်းငွေကျပ်(၁၇၂၂၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ရေဘေးရှောင်ပြည်သူများကို ယင်းရပ်ကွက်ရှိ စားသုံးသူရေးရာ ဂိုထောင်ဝင်း၊ ဓါတ်မီးဂိုထောင်ဝင်းနေရာတို့တွင် ယာယီနေရာ ချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)