သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်
Jul 07,2022
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
မိုင်းခုတ်မြို့၌ ကျောင်းသား၊ ကျောင်းသူ(၂၀၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေး
Jul 07,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)နှင့် အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 07,2022
ချင်းပြည်နယ် တွန်းဇံမြို့နယ်  ကျန်းမာ‌ရေးဝန်ထမ်းများက မြို့နယ်ဆရာဝန်ကြီးဦးဆောင်မှုဖြင့် တွန်းဇံမြို့နယ်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ တွန်းဇံအထကကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မိုင်းယောင်း၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ရှိ စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းများဆောင်ရွက်
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အခြေခံပညာ ကျောင်းများနှင့် ရပ်ကွက်များရှိ လူနေအိမ်များအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းကို နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟိုပန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အနာဂတ်လူငယ်များ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွှတ်မှုရှိကာ ပူးပေါင်းပါဝင် ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိကြစေရန်နှင့် ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ​​စေရန်တို့ကို ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဟိုပန်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်းစစ်တုရင်ပြိုင်ပွဲဆုပေးပွဲကျင်းပ
Jul 06,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဇူလိုင်လ ၄ ရက်နေ့မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နေလယ် ၃ နာရီအချိန်က ကျင်းပရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်-၂ ဦးတင်မောင်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရရှိသူပြိုင်ပွဲဝင် ကျောင်းသားများနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အမ်းမြို့နယ်၌ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ငွေနှင့် ပစ္စည်းထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကျင်းပ
Jul 06,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများသို့ ငွေနှင့် ပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။