ငဖဲ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဇူလိုင်လ ၄ ရက်နေ့မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နေလယ် ၃ နာရီအချိန်က ကျင်းပရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်-၂ ဦးတင်မောင်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရရှိသူပြိုင်ပွဲဝင် ကျောင်းသားများနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ဆုရရှိအောင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသူများအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် ဆက်လက်၍ခရိုင်အဆင့် ပြိုင်ပွဲမှာလည်း မြို့နယ်မှဆုရရှိအောင်ကြိုးစားယှဉ်ပြိုင်ကစားကြရန် အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စစ်တုရင်ပြိုင်ပွဲ ခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူ ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းဆင့် ကျောင်းသား (၃) ဦးနှင့် အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ ဆုရရှိသူ (၃)ဦး စုစုပေါင်း (၆) ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယု (ငဖဲ)