မြောင်းမြ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အခြေခံပညာ ကျောင်းများနှင့် ရပ်ကွက်များရှိ လူနေအိမ်များအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းကို နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့တွင် မြို့ပေါ်ရှိ အထက ၁ ကျောင်း၊ စက်ကုန်းကျေးရွာရှိ စာသင် ကျောင်းနှင့် လူနေအိမ်များကို ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းများ၊ ခြင်များ ခိုအောင်းမှု မရှိစေရန် ချုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို ခရိုင်နှင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်/ဆက်