မိုင်းယောင်း ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် ထပ်လုံစေတီသွားလမ်းပိုင်းနှင့် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ပထမအကြိမ် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဂန္ဓရသဝံသောနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ယင်းနောက် ခရိုင်ပညာရေးမှူးရုံးမြေနေရာ၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြေနေရာများနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်အရ တော်ဝင်မိုင်းယောင်း သမဝါယမအသင်းမှဆောင်ရွက်နေသော တန်(၄၀) ဆန်စက်ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း