အမ်း ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများသို့ ငွေနှင့် ပစ္စည်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် တိုက်ပွဲရှောင် ပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၅)သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၅၁) စုအတွက် ထောက်ပံ့ငွေကျပ် (၇၅၅) သိန်းအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးမှ ထောက်ပံပေးအပ်ခဲ့ရာ အိမ်ထောင်စု (၁၅၁) စုကိုယ်စား ဦးစိုးနိုင်နှင့် ဒေါ်ခင်ထွေးတို့က လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၅၁) စု၊ ထောက်ပံ့ငွေကျပ် (၁၅၁) သိန်းနှင့် လူဦးရေ(၇၀၇)ဦးအတွက် ရိက္ခာဆန်(၁)လစာ တန်ဖိုးငွေကျပ် (၆၃၆၃၀၀၀)၊ စုစုပေါင်းငွေကျပ်(၂၁၄၆၃၀၀၀)အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းမှ ထောင့်ပံ့ပေးအပ်ခဲ့ရာ အိမ်ထောင်စု(၁၅၁) စုကိုယ်စား ဦးစိုးနိုင်နှင့် ဒေါ်နွယ်နွယ်ဆန်းတို့က လည်းကောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ ပစ္စည်း (၁၇)မျိုးပါ Family Kit ပုံးအား အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူက ထောင့်ပံ့ပေးအပ်ခဲ့ရာ အိမ်ထောင်စု (၁၅၁)စုကိုယ်စား ဦးမြင့်မောင်နှင့် ဒေါ်လှလှအေးတို့က လက်ခံရယူ ခဲ့ကြသည်။
ထို့နောက် တိုက်ပွဲရှောင်အိမ်ထောင်စု(၁၅၁)စုကိုယ်စား ကိုယ်စားလှယ်(၁)ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း