ကျောင်းကုန်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းက သုတ/ရသ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များ ငှားရမ်းပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)