ပန်းတောင်းမြို့နယ်တွင် ရပ်ရွာအကျိုးပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းသင်တန်းဖွင့်လှစ်

ပန်းတောင်း သြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ရပ်ရွာအကျိုးပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းသင်တန်းကို ယနေ့နံနက်(၉:၃၀)အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးချစ်ကိုကိုမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့စု(၂၀) ဒုရဲမှူးတင်မောင်နိုင်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ရဲအုပ်ထွန်းညွန့်မှ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်ဒေါ်ယုကြည်ကြည်မှ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမျိုးသမီးများနှင့်ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နှင့်ကူညီပေးခြင်းလုပ်ငန်းများအား ပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းသင်တန်းကာလမှာသြဂုတ် (၃၀)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ (၃)ရက်ကြာသင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)