ရေတာရှည်မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး

ရေတာရှည် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ပညာရေးကို ကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ အသက် (၁၂) နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ကို ယနေ့နံနက် (၉:၃၀)နာရီအချိန်ခန့်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား (၁၅)မိနစ်ခန့် သီးသန့်အခန်းတွင် ထားရှိစောင့်ကြည့်ပြီးမှ မိမိအခန်းသို့ ပြန်သွားစေကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ထိုးနှံရန် အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူ (၁၁၁၀၂)ဦး လျာထားပြီး​ဆေးထိုးစုရပ်များအဖြစ် အ..က(ရေတာရှည်) ..က(ဆွာ)၊ အ.ထ.က(သာဂရ)၊ အ..က(မြို့လှ)၊ အ..က(ရေနီ)​ကျောင်းများ၌ စီစဥ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ရေတာရှည်(ပြန်/ဆက်)