ကြံခင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းဝေးစေရန် အသိပညာပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းထွဋ်၊ အတွင်းရေးမှူး မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး ကျော်ကိုကို၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြသည်။
ထို့နောက် ယာဉ်အန္တရာယ်ကင်းစင်စေရန် ဆိုင်ကယ်စီး ပြည်သူများအား ကြံခင်းမြို့မစခန်းမှူး ဒုရဲမှူး ကျော်ဇင်ထိုက်မှ ဆိုင်ကယ်စီးပါက ဆိုင်ကယ်ဦးထုပ်အား စနစ်တကျ မေးသိုင်းကြိုး တပ်စီးရန်၊ အရည်အသွေး ပြည့်မီသည့် ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ အသက်(၁၈)နှစ် မပြည့်သေးသူများ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်တစ်စီးလျှင် လူ(၃)ဦးမစီးရန်နှင့် စီးနင်းပါက မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို လူစည်ကားရာ နေရာများတွင် အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူခြင်း၊ မော်တော်ဆိုင်ကယ် စီးနင်းသူများနှင့် ယာဉ်မောင်းသူ များ လိုက်နာရမည့်အချက်များ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူ ပြည်သူများအား နေ့စဉ်ပညာပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)