ကျောက်ကြီး စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က Online မှတစ်ဆင့်ပြည်သူလူထု အားအသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်မီးသတ်ဦးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုအခြေအနေ၊ မီးလောင်မှုဖြစ်ပွားပါက ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်မှု အခြေအနေများ၊ မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းအခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်သင့်သည့် အမြင်များကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်