မြန်အောင်၌ အခြေခံစားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့်​ ရောင်းချပေး

မြန်အောင် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ်(၅)ရပ်ကွက်နေ ပြည်သူများအား အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများကို ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းဖြင့် ယနေ့ နံနက်က တာဝတိံသာ(၂)လမ်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ သည်။

မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ပခန်းဆန်တစ်ပြည်လျင် (၁၅၀၀) ကျပ်နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီ နှစ်ဆယ့်ငါးကျပ်သားတစ်ဘူး (၂၀၀၀) ကျပ်နှုန်းဖြင့် ဆီ ၂၀ ပိဿာ၊ ကြက်ဥ (၆)လုံး (၁၀၀၀)ကျပ်နှုန်းဖြင့် ကြက်ဥ အလုံး ၉၀၀ တို့အား ပြင်ပ ပေါက်စျေးထက်သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်အောင်(ပြန်/ဆက်)