ပြည်မြို့နယ် မြောက်နဝင်းရွာသစ် ကျေးရွာပြည်သူများအတွက် စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေးကာ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပြည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မြောက်နဝင်းရွာသစ် ကျေးရွာပြည်သူများအတွက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်၍ ပါးစပ်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးထွန်းနိုင်လင်းနှင့် ပြည်မြို့ဆီလုပ်ငန်းရှင်အသင်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာ၌ အဆိုပါပူးပေါင်းအဖွဲ့က ကျေးရွာပြည်သူများအတွက် စားအုန်းဆီတစ်ပိဿာကို သတ်မှတ်ရည်ညွှန်းဈေး ၅၈၀၀/-ကျပ်နှုန်းဖြင့် စုစုပေါင်း ဆီပိဿာချိန် ၆၆၀/-ရောင်းချပေးခဲ့ကြောင်းနှင့် ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ မဖြစ်မနေ ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာနေထိုင်ရေး အသိပညာပေးတိုက်တွန်းနှိုးဆော်ပြီး(Mask Campaign)ပြုလုပ်၍ ကျေးရွာပြည်သူများထံ ပါးစပ်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)