ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မဟာမုနိကုန်းတော်ပေါ်တွင် အသံမစဲ မဟာမြတ်ပဌာန်းပိတ်ပွဲ အခမ်းအနားပြုလုပ်

နမ့်ဆန် စက်တင်ဘာ  ၂၂

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု   မဟာမုနိ ကုန်းတော်ပေါ်တွင် သီလရှင် ဆရာကြီးဆရာလေးများ၏ (၂၁)ကြိမ်မြောက် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို အဆိုပါကျောင်းတိုက်တွင် ယနေ့နံနက် () နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဥက္ကဋ္ဌ မြို့နယ်သံဃနာယက ဧကာဒဿမမြောက် ဂိုဏ်းချုပ်ဆရာတော် ဘုရားမှဦးဆောင်ပြီး မြတ်စွာဘုရားအား ဆွမ်းတော်ကပ်လှူပူဇော်ပြီး ဆရာတော်ဘုရားထံမှ သရဏံ ဂုံသုံးပါးနှင့် ငါးပါးသောသီလတော်မြတ်ကို ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော် မြတ်များအား နဝကမ္မဝတ္ထူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

တော်တလင်းလပြည့် ကျော်()ရက်နေ့မှ တော်တလင်းလဆုတ် (၁၃)ရက်နေ့အထိ ပြုလုပ်ခဲ့သော (၂၁)ကြိမ် မြောက်အသံမစဲမဟာပဌာန်းပူဇော်ပွဲကြီးအား အကြောင်းပြု၍ လှူဒါန်းကြသည့် ကောင်းမှုဒါနအစုစုတို့အား မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးကုမာရအရှင်သူမြတ်မှ ရေစက်ချဒေသနာတော် ချီးမြင့်ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနာစိရံတိဌတု()ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းပြီးနောက် ဆရာတော် သံဃာတော်များထေရ်စဉ် ဝါစဉ်အလိုက် မြို့ပေါ်သို့ဆွမ်းဆန်စိမ်း ကြွရောက်အလှူခံခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်