မိုင်း‌ငေါ့မြို့တွင် ပလတ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးနံရံကပ်စာ‌စောင်  များပြသထားရှိ

မိုင်းငေါ့  စက်တင်ဘာ   ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းဖြစ်သော ပြည်သူများ ပလတ်စတစ်သုံးစွဲမှုလျော့ချနိုင်ရေး အသိ ပညာပေး နံရံကပ်စာစောင်ကို ရုံးရှေ့နံရံကပ်ပြဘုတ်များတွင် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပလတ်စတစ်လျော့ကျသော ပတ်ဝန်းကျင်ဖြစ်စေဖို့ အချက် (၉)ချက်၊ တစ်ခါသုံးပလတ်စတစ် မသုံးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြု ကြရအောင်၊ ဒို့အနာဂတ်တောက်ပရေး ပလတ်စတစ်သုံးစွဲမှုကိုဆန့်ကျင်ပေး၊ အစားအစာများကို ပလတ်စတစ်အိတ်တွေနဲ့ အလွယ်တကူထုတ်ပိုး ဝယ်မိနေသလား စသည့်အသိပညာပေး ရုပ်စုံ/ဓာတ်ပုံ များပြသထားရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)