မန်တုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်

မန်တုံ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းကအမှတ်(၁) ရပ်ကွက်၊ မန်ကန်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သရုပ်ပြသခြင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်ဦးနှင့် တာဝန်ရှိသူများကမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်များအား ရှင်းလင်းဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လူနာကယ်ထုတ်ပုံအဆင့်ဆင့်၊ ငလျင်အန္တရာယ် ဖြစ်ပေါ်လာပါက ကျောင်းသား၊ ကျောင်းသူ များလိုက်နာ ဆောင်ရွက်ရမည့် ပုံစံများကို လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)