မန်တုံမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ဝန်ထမ်းများ လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားစေရန် Video Editing သင်တန်းဖွင့်လှစ်

မန်တုံ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး စီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က Video Editing ပြုလုပ်နည်းသင်တန်းကို ဝန်ထမ်းများနှင့် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဝန်ထမ်းအာလုံး နည်းပညာ တိုးတက်စေလိုကြောင်း၊ နည်ပညာကျွမ်းကျင်မှုဖြင့် ဌာနလုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရ၍ ဂရုတစိုက် စိတ်ပါဝင်စား စွာသင်ယူကြစေလိုကြောင်း ဦးစွာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း၍ KineMaster၊ PowerDirectorဆော့ဝဲလ်မှ လုပ်ကိုင်းနည်းအဆင့်ဆင့်ကို (၁)ရက်သင်တန်းဖြင့် လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

မန်တုံ(ပြန်/ဆက်)