သတင်းများ

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ပြီး သွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျွန်းတော(အလယ်)ရပ်ကွက်တွင် နှာခေါင်းစည်းများဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Sep 29,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Center ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ကူညီသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ သန်လျင်၌ ကျင်းပ
Sep 29,2022
ရန်ကုန်တောင်ပိုင်းခရိုင် ၂၀၂၂ ခုနှစ်(၂၃)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၁ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Sep 29,2022
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက နွားတဲကုန်းအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် စားသောက်ကုန်အမှတ်တံဆိပ်(၂)မျိုး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 29,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ် (၂) မျိုးအား ရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့မဈေးကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာစည်မြို့ လူထုအခြေပြု ဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Sep 29,2022
မိတ္ထီလာခရိုင်၊ သာစည်မြို့၊ လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမ၌ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၁၀ နာရီ ချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ် မင်းရွာရေလွှဲပေါက်ချောင်းအတွင်းသို့ ငါးသား‌ပေါက်အကောင်ရေ (၃.၇)သိန်း ငါးမျိုးစိုက်ထည့်
Sep 29,2022
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါကြွယ်ဝရေး၊ ငါးစားသုံးမှု ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်း က မင်းရွာကျေးရွာ၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။