သနပ်ပင် စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါကြွယ်ဝရေး၊ ငါးစားသုံးမှု ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်း က မင်းရွာကျေးရွာ၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်းဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးမျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်အေး၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်နောင်၊ ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းများ၊ သနပ်ပင်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်စန်းစန်းဦးနှင့် ဝန်ထမ်းများ တက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ (၂.၂)သိန်း၊ ငါးခုံးမကြီးအကောင်ရေ၊ (၁.၅)သိန်း၊ စုစုပေါင်း ငါးသားပေါက်အကောင်ရေ (၃.၇)သိန်း မင်းရွာရေလွှဲပေါက်ချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ပြီး သနပ်ပင်မြို့နယ်အတွင်း ငါးမျိုးစိုက်ထည့်ပြီးစီးမှု (၈)ကြိမ်တွင် ငါးသားပေါက်အကောင်ရေ (၃၃၇၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)