လဟယ် စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ လမ်းဆုံတွင် လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၀၉)နာရီအချိန်တွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆(အထစ)နှင့် ပတ်သက်၍ အခက်ခဲများအား မြို့နယ်လ၀ကရုံးသို့ သွားရောက်ဆောင်ရွက်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပျောက်ဆုံး၊ ပျက်စီးနေသူများသည် မြို့နယ်လဝကရုံးသို့ သွားရောက်ဖြေရှင်းရန်၊ အသက်(၁၀)နှစ်ပြည့်ပြီးဖြစ်သော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ခြင်းများဆောင်ရွက်ရန်၊ နိုင်သားစိစစ်ရေးကတ်ပါ အချက်အလက်များ ကွဲလွဲမှုရှိပါက သက်ဆိုင်ရာလဝကရုံးတွင် သွားရောက်ပြင်ဆင်ရန်၊ နိုင်ငံသားကတ်တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားခြင်းမပြုရန်၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ၆၆/၆(အထစ) ပျောက်ဆုံးပျက်စီးနေသူများ သက်ဆိုင်ရာလဝကရုံးသို့ သွားရောက်သတင်းပို့ဆောင်ရွက်ကြရန်၊ အိမ်ထောင်စုစာရင်း တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်သူများ၊ မည်သည့်အရပ်ဒေသမှ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ၆၆/၆ (အထစ) မရှိသေးသူများသည် နီးစပ်ရာမြို့နယ်လဝကရုံးသို့ သတင်းပေးပို့၍ ပန်ခင်းစီမံချက်အရ စိစစ်ဆောင်ရွက်ရန်၊ သက်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်အသိပညာပေးခြင်း ဆောင်ရွင်ရာတွင် လဟယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လဟယ်မြို့နယ်ရုံး၊ ဒေသရုံးတို့ ဦးဆောင်၍ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ၊ နာဂဒေသလ၀က ဦးစီးမှူး ဦးကိုကိုကျော် ဒုတိယညွှန်ကြားရေးမှူးနှင့်ရုံး ဝန်ထမ်းများ၊ လဟယ်မြို့နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်နှင့် ရုံး၀န်ထမ်းများ၊များက အသိပညာပေးခြင်း လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
(မြို့နယ်ပြန်/ဆက်)