မူဆယ်မြို့တွင် Mobile Libray စနစ်ဖြင့် စာအုပ်စာစောင်များ နယ်လှည့်ကွင်းဆင်း၍ အခမဲ့ဌာရမ်းပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲဆောင်ရွက်

မူဆယ် စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀း၀၀နာရီ အချိန်က သင်တန်းသူများ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာစောင်များ အခမဲ့ဌားရမ်းခြင်းနှင့် စာဖတ်ရှိန် မြှင့်တင်ရေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဌားရမ်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံဦးစီးဌာနမှ ခရိုင်မှူး ဦးအယ်လ်စိုးထန်တူးက လူမှုပတ်ဝန်းကျင်တွင် ပေါင်းသင်းဆက်ဆံပုံနှင့် စကားပြောဆိုခြင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးရရှိပုံတို့ကို အိမ်တွင်းမှုသင်တန်းကျောင်းရှိ သင်တန်းသူများကို ရှင်းပြဟောပြောခဲ့သည်။ ယင်းနောက် သင်တန်းသူများက စာဖတ်ခြင်း၏ အကျိုးကျေးဇူး ရရှိပုံကို တစ်ဦးချင်းစီဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဌာနမှ ဝန်ထမ်းများက စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ်ကောင်းသော စာအုပ်စာစောင်များကို အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရပါသည်။

ဆက်ပိုင်(မူဆယ်)