ပိုင်ကျုံမြို့၊ သစ္စာလမ်း၌ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး

ပိုင်ကျုံ   စက်တင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှတ် (၂) ရပ်ကွက် သစ္စာလမ်း‌ပေါ်ရှိ လမ်းဘေးဝဲယာအုတ်စီရေမြောင်း တည်ဆောက်ခြင်းကို ယမန်နေ့က စတင်အ‌ကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင်    ကရင်ပြည်နယ်အစိုးရအဖွဲ့၏   ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၉.၄၆) သန်းဖြင့် အရှည် ၃၂၀ပေ၊  အကျယ် ၂ပေ၊ အမြင့် ၃ ပေရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ  ပြီးစီးနိုင်ရေး အတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က  အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌လာမည့်အပြင် ရေစီးရေလာ ကောင်းမွန်လာမည်ဖြစ်ပြီး ဒေသ‌နေများအနေဖြင့် ကျန်းမာရေးနှင့်အညီ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်ပြေလာမည်ဖြစ်ကြောင်းသိရသည်။

နော်ခူး (ပြန်/ဆက်)