ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

ဒဂုံ      အောက်တိုဘာ     ၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ် () အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာလ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းတို့အား ယမန်နေ့နံနက် နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာ က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နေ့ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ဆရာ/ဆရာမများ၏ ဂုဏ်ကျေးဇူးများ၊ စေတနာ၊ မေတ္တာကြီးမားမှူများအား ပြောကြားခဲ့ပြီး အ..က () ဒဂုံကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးကိုကိုနိုင် က ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့်  ဆရာ/ဆရာမ ကြီးများ၏ သင်ကြားပို့ချမှုများကို  ဂရုတစိုက်အလေးထားသင်ယူကြရန် စသဖြင့် ဟောပြောခဲ့ ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာ က ဂုဏ်ထူး ဦးသိန်းနိုင် ရေးသားထားသော အလင်းရတနာစာစီစာကုံးပါ မြတ်ဆရာနှင့် မေတ္တာစိတ်စာအုပ်အား ဖတ်ပြဆွေးနွေးခဲ့ရာ ကျောင်းသားကျောင်းသူများကလည်း မြတ်ဆရာခေါင်းစဉ်ဖြင့် စာအုပ်အသီးသီးမှ အကြောင်းအရာများအား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြည်ဇေသော်