ကျောက်တံတား အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁:၀၀)နာရီတွင် မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Mobile Library စနစ်ဖြင့် အခမဲ့စာအုပ်များ ငှားရမ်းပေးခြင်းမှာ စာကြည့်တိုက်သို့ လာရောက်ရန်အခက်အခဲရှိသည့် စာဖတ်ပရိသတ်များ၊ အလုပ်တာဝန်များ မအားလပ်၍ မလာရောက်နိုင်သော စာဖတ်ပရိသတ်များကို စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုရာလေ့လာရာမှ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန် ရည်ရွယ်၍ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဌာနဆိုင်ရာများ၊ ကျောင်းများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)