လားရှိုးမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ​ဆောင်ရွက်

လားရှိုး အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ အောက်တိုဘာလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်က လမ်းသွားလမ်းလာ ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre ရှေ့နှင့် လားရှိုးမြို့ သိန္နီလမ်းနှင့် ပြည်ထောင်စုလမ်းမကြီးထောင့်တို့ လမ်းသွားလမ်းလာပြည်သူများအား ပါးစပ် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းခဲ့သည်။ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပေးနိုးဆော်ခဲ့ပြီး အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန် မပြတ်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး