သတင်းများ

မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာ‌ဈေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ပေါ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 24,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီတို့ ရောက်ရှိလာသည့်အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရုံးမှုမဖြစ်စေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းအချိန်က နတ်မောက်မြို့ပေါ် (၇) ရပ်ကွက်သို့ မီးသတ်‌ယာဉ်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချ
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရောင်းချပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဆီထွက်သီးနှံ (နေကြာ) စံပြကွက် အပင်ပြုစုခြင်းသရုပ်ပြပွဲကို တက်ရောက်အားပေး၊ ပုသိမ်ခရိုင်အတွင်း ဆီထွက်သီးနှံ(နေကြာ)စံပြကွက်များ လိုက်လံကြည့်ရှုစစ်ဆေး
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ တောင်သူ ဦးမန်းကျော်ခိုင်၏ စိုက်ဧက (၁၂) ဧကတွင် ဆီထွက်သီးနှံ (နေကြာ) စံပြကွက် အပင်ပြုစုခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ပညာရည်ချွန်ဆုပေးပွဲနှင့် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ပညာရည်ချွန် ဆုပေးပွဲနှင့် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ညနေ (၄) နာရီက ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jan 24,2025
တနင်္သာရီတိုင်းဒေသကြီး စာအောင်ဆုနှင်းသဘင်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေနံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မော်‌တော်ယာဉ်စစ်‌ဆေးခြင်းများအား စဉ်ဆက်မပျက်ဆောင်ရွက်
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများ ဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာ လုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က ကန်ကြီးထောင့် မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်‌တော်ယဉ်များ စစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ဖူးစားပြောင်း ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ
Jan 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတင်ပြီး ထိုင်ဝမ်ဖူးစားပြောင်းစိုက်ပျိုးကြရာ ဈေးကောင်းရရှိပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။