နတ်မောက်မြို့ပေါ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

နတ်မောက် ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီတို့ ရောက်ရှိလာသည့်အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရုံးမှုမဖြစ်စေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းအချိန်က နတ်မောက်မြို့ပေါ် (၇) ရပ်ကွက်သို့ မီးသတ်‌ယာဉ်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီတို့ရောက်ရှိလာပြီး မီးဘေးအန္တရာယ်ကြိုတင် သတိပြုကြစေ လိုကြောင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်း၊ မီးပူတိုက်ခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် မီးနှင့်ပတ်သက်သော မီးလောင်နိုင်သောပစ္စည်းများကို ကိုင်တွယ်အသုံးပြုပြီး တိုင်းသေချာစွာ စစ်ဆေးဖြတ်သိမ်းခြင်း၊ ငြိမ်းသတ်ခြင်း၊ လူစောင့်ထားရှိခြင်းများ ဆောင်ရွက်ရန်၊ အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ မီးကျင်း၊ မီးချိတ်၊ မီးကပ်များ အဆင်သင့်ထားရှိရန်၊ လျှပ်စစ်မီး၊ ဆိုလာ ဘတ္ထရီသုံးစွဲရာတွင် လျှပ်စစ်ဝါယာကြိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်ကြောင်း၊ ရပ်ကွက်များအတွင်း မီးလောင်လွယ်စေသော လောင်စာဆီများ သိုလှောင်ခြင်းမပြုကြစေလိုရန်၊ ထင်း၊ မီးသွေးများ သုံးစွဲရာတွင် မီးကြွင်း၊ မီးကျန်မရှိစေရန်နှင့် မီးကျန်များရှိပါက တစ်ဆင့်မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားနိုင်ကြောင်းပြည်သူ တစ်ဦးတစ်ယောက်မှစ၍ သတိပြုကြစေလိုကြောင်းအရေးပေါ် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနတို့ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်ကိုပါ အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

လှဝင်း