ထားဝယ် ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး စာအောင်ဆုနှင်းသဘင်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေနံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲများတွင် တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာနများမှ ဖြေဆိုအောင်မြင်တော်မူကြသည့် ရဟန်း/ သာမဏေ၊ သီလရှင်များအား ချီးကျူးဂုဏ်ပြုပူဇော်နိုင်ရေး “စာအောင်ဆုနှင်းသဘင်အခမ်းအနား” ကျင်းပနိုင်ရေးအတွက်ကို ကော်မတီများနှင့်တွေ့ဆုံပြီး ညှိနှိုင်းရခြင်းဖြစ်ကြောင်း၊ “စာအောင်ဆုနှင်းသဘင်အခမ်းအနား” ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပပြုလျက်ရှိကြောင်း၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များတွင် တစ်ပြိုင်တည်း ပြုလုပ်ကျင်းပသွားမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းတင်ရေး၊ သံဃာတော်များပင့်လျှောက်ရေး၊ ဧည့်သည်တော်များ ကြိုဆိုနေရာချထားရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စာအောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ရေး၊ လုံခြုံရေးနှင့်စည်ကမ်းထိန်းသိမ်းရေး၊ ကျန်းမာရေး၊ စသည့် ကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)