ဝါးခယ်မ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလွမ်းသီဟတို့မှ ကလေးသူငယ်များအား အကြမ်းဖတ်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ လူကုန်ကူးခြင်းခံရပါက ပြုလုပ်သင့်သည့် အကြောင်းအရာများ၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီစောင့်ရှောက်ရန်၊ တစ်ဦးတစ်ယောက်တည်း အချိန်မတော် သွားလာခြင်းများ မပြုလုပ်ရန်နှင့် လူကုန်ကူးခြင်းဆိုင်ရာ အပြစ်ပေးအရေးယူမှုများနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပြည်သူများသိသင့်သိထိုက်သည့် အေကြာင်းအရာများကို Online မှတဆင့် ကလေးသူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း
ဝါးခယ်မ(ပြန်/ဆက်)