နယ်စပ်ရေးရာဝန်ကြီးဌာန ရေးမြို့နယ်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များပြသ

ရေး စက်တင်ဘာ ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရေးမြို့နယ် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာကျောင်း၊ သင်တန်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံစာစောင်နှင့် စာအုပ်/ စာစောင်များကိုပြသခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သိမ့်သိမ့်ရည်က လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးအား အတင်းအဓ္ဓမခိုင်းစေခြင်း၊ ကာမဆိုင်ရာကိစ္စမျိုးပြုလုပ်ခိုင်ခြင်း၊ အတင်းအဓ္ဓမ လက်ထပ်ထိမ်းမြားခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရောင်းစားခြင်း အစရှိသည်တို့ကို ပြုလုပ်ခြင်းကို လူကုန်းမှုဟုခေါ်ဆိုကြောင်း၊ မိမိတို့ဒေသပတ်ဝန်းကျင်တွင် လူကုန်ကူးခံရခြင်း သံသယဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူး မှုတားဆီးကာကွယ်ရေးဥပဒေမှ အရေးယူအပြစ်ပေးနိုင်သည့် ပုဒ်မနှင့်ပြစ်ဒဏ်များ၊ မိမိနိုင်ငံမှ အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအတွက် သိရှိလိုက်နာရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး လူးကုန်ကူးမှုတားဆီး ကာကွယ်ရေး နံရံကပ်စာစောင်နှင့် စာအုပ်/ စာစောင်များကို သင်တန်းသူများနှင့် ဆရာမများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ ကြသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် သင်တန်းသူ ၃၀ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်