မိုးနဲ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ချစ်မြတ်နိုးသူ စာငှား/ စာဖတ်သူများအနေဖြင့် အလွယ်တကူစာအုပ်ငှားရမ်း ဖတ်ရှုနိုင်စေရန်၊ အားလပ်သောအချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာကုန်ဆုံးစေရန်၊ စာပေဖတ်ရှုခြင်း အားဖြင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို တစ်ပါတ် တစ်ကြိမ် လဲလှယ်ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိတ်သတ်ပြည်သူများမှ ၎င်းတို့ ကြိုက်နှစ်သက်သည့် စာအုပ်များကိုရွေးချယ် ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)