ဒေးဒရဲ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း မြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် စားသောက်ရေး အဆင်ပြေ စေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှု ကို ယနေ့ နံနက် (၇)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူများက ပြည်သူများအလွယ်တကူနှင့် စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ကွင်းဆင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧည့်မထဆန်များကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် လူ(၁)ဦးလျှင် (၁)ပြည်၊ ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို နေ့စဉ် နံနက် (၈)နာရီမှ နေ့လယ် (၁၂)နာရီအထိ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း