ကျောက်ကြီး စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ကျောက်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ အခြေခံပညာကျောင်းရှိ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး အ.ထ.က ကျောက်ကြီးကျောင်းနှင့် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းအား တစ်ကျောင်းလျှင် Handgel ဘူးကြီး(၂၄)ဘူး၊ Handgel ဘူးသေး (၁၂၀)ဘူး၊ နှာခေါင်းစည်း Masks (၅၀၀)ခု၊ Face Shield (၅၀)ခု၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗီနိုင်းပိုစတာ (၉)ချပ်အား ပေးအပ်လှူဒါန်းခြင်းနှင့် မူလတန်းလွန် ဖန်ခါးကုန်းကျောင်းများအား ခြင်ထောင်(၁၀) လုံး၊ Handgel ဘူးကြီး(၁)ဘူးအား ပေးအပ်လှူဒါန်းခဲ့ပြီး အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)