သတင်းများ

ပုသိမ်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့၊ နံနက်(၁၀:၃၀)အချိန်က သလပ်ခွာကျေးရွာတွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျောင်းကုန်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 19,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အမှတ်(၄၁) လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်စေရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign) များကို စက်တင်ဘာ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီက အမှတ် (၅၀) ရပ်ကွက်ရှိ အိမ်ထောင်စုများအား အမှတ်(၄၁) လူမှုကူညီရေးအသင်းမှ နှာ‌ခေါင်းစည်း(Mask)များ အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ လူသုံးကုန်ပစ္စည်းရောင်းချသည့်ဆိုင်များရှိ ဆပ်ပြာနှင့်သွားတိုက်ဆေးဗူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်  ၁၀ နာရီက ပေါက်ခေါင်းမြို့  မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူသုံးကုန်ပစ္စည်းများရောင်းချနေသောဈေးဆိုင်များရှိ ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးဘူးများတွင် သတ်မှတ်ကုန်အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီခွဲက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံးထမြို့၌ ဆီထွက်သီးနှံနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ
Sep 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ဆီထွက်သီးနှံနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ မိသားစု အပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး
Sep 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုဦးဆောင်၍ အဖွဲ့ဝင်ဗိုလ်မှူးကြည်မျိုးလွင်၊ မြို့နယ်ရဲမှူးခင်စိုးလွင်၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံ(၃)ရုံသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။