ကျောင်းကုန်း စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသန့်ခိုင်တို့ ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/မောင်းနှင်သူများ အနေဖြင့် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းကြရန်၊ ဆိုင်ကယ်စီးဦးထုပ်မပါ၍ အသက်ဆုံးရှုံးကြရသူများပြား လျက်ရှိကြောင်း၊ နှစ်ဦးထက် ပိုမိုမစီးကြရန် အသိပညာပေးဟော ပြောခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း ဆိုင်ကယ်(၁၀၅)စီး၊ ထော်လာဂျီ(၄)စီး၊ သုံးဘီး(၃)စီးတို့မှ ကျား(၁၁၄)ဦးနှင့် မ(၃၈)ဦး၊ စုစုပေါင်း(၁၅၂)ဦးတို့အား အသိပညာပေး ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)