ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အမှတ်(၄၁) လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ဒဂုံမြောက် စက်တင်ဘာ ၉ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်စေရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign) များကို  စက်တင်ဘာ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီက အမှတ် (၅၀) ရပ်ကွက်ရှိ အိမ်ထောင်စုများအား အမှတ်(၄၁) လူမှုကူညီရေးအသင်းမှ နှာ‌ခေါင်းစည်း(Mask)များ အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  အမှတ်(၅၀)ရပ်ကွက်မှ အိမ်ထောင်စု(၁၈၅)စုနှင့် စည်ပင်ဝန်ထမ်း အိမ် ရာမှ အိမ်ထောင်စု(၄၈)စု၊ စုစုပေါင်း အိမ်ထောင်စု(၂၃၃)စုတို့အား နှာခေါင်းစည်း (Mask) တစ်ဘူးနှင့် ကာဘော်လစ်ဆပ်ပြာ တစ်ခဲစီတို့ကို အမှတ်(၄၁) လူမှုကူညီရေးအသင်းမှ အခမဲ့ဝေငှခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ