သတင်းများ

ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနတွင် ပုံတူဆွဲပြိုင်ပွဲဆောင်ရွက်
Sep 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပုံတူဆွဲပြိုင်ပွဲကို မွန်းလွဲ (၁)နာရီကကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်
Sep 19,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဝင်များ၊ ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ကော်မတီဝင်များ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sep 19,2022
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမော္ဘဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်၊ ​မြောက်ပိုင်းရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေး
Sep 19,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်နိုင်​ရေးအတွက် ကာကွယ်​ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံ​ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ​ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက်ရှိ ကိုဗစ်-၁၉​ရောဂါ စစ်ဆေး​ရေးဂိတ်၌ ထပ်​ဆောင်းကာကွယ်​ဆေးများ ထိုးနှံ​ပေးခဲ့​သည်။
နားမကြားသောကလေးများကျောင်း (၄၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်အကွက်(၈၅၈)၊ ရန်ကုန်-မန္တလေးလမ်းနှင့် စစ်ကိုင်းလမ်းခွဲရှိ နားမကြားသော ကလေးများကျောင်းတွင်  (၄၁)နှစ်မြောက် ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြဝတီမြို့၌ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Sep 19,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်၊ အားကစားရုံဝင်းအတွင်း၊ အပြင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 19,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ အားကစားရုံဝင်းအတွင်းအပြင်သန့်ရှင်း သာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည်ရှင်းလင်းခြင်း၊ အလှပန်းပင်များအောက်ခြေရှင်းလင်းခြင်း၊
ထားဝယ်မြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 19,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(1) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။