သတင်းများ

ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 19,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး(၅) ကြောင်းမှ အဖွဲ့ခေါင်းဆောင်များနှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဦးဆောင်၍ ယနေ့၊ နံနက်(၇)နာရီခွဲက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ပြည်သူလူထုများ စည်ကားသွားလာမှုများသည့် မြို့အဝင်လမ်းနှင့်မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်ုသူတို့ကို Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Sep 19,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
မိုင်းတုံမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာ ကွယ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Sep 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အ‌ထွေ‌ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးဦးလွင်မိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့
ပေါက်ခေါင်းမြို့၌ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော
Sep 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မူဆယ်မြို့တွင် တရုတ်ငွေလဲဈေး ကျဆင်းသော်လည်း ကုန်ဈေးနှုန်းများ ဆက်လက်တက်နေ
Sep 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဩဂုတ်လပိုင်းအချိန်တွင် တရုတ်ငွေ ယွမ်(၁၀၀)ကို (၅၉၀၀၀) အထိ မြင့်တက်ခဲ့ပြီး ယခုအခါတွင် တရုတ်ငွေယွမ်(၁၀၀) ကို မြန်မာငွေဖြင့် ၄၇၀၀၀ထိ ကျဆင်းလာသော်လည်း ကုန်ဈေးနှုန်းများမှာ လိုက်ကျဆင်းမှုမရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်  Mask  Campaign ပြုလုပ်
Sep 19,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီအချိန်မှစတင်ပြီး ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားမှုမရှိလာစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် လူစည်းကားရာ မြို့မစျေးရှေ့နှင့် စျေးအတွင်းစျေးရောင်းစျေးဝယ်သူများအား   Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်း သိကောင်းစရာအသိပညာပေး(Talk Show) ဆောင်ရွက်
Sep 19,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့မွန်းလွဲပိုင်းအချိန်က သားအိမ်ခေါင်း ကင်ဆာရောဂါအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး(TalkShow) ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံးရှိ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။