မန်တုံ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့မွန်းလွဲပိုင်းအချိန်က သားအိမ်ခေါင်း ကင်ဆာရောဂါအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး(TalkShow) ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး(TalkShow)တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က အမျိုးသမီးများအတွက် သားအိမ်ခေါင်းရောဂါ အရေးကြီး၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရကြောင်း ဦးစွာပြောကြားပြီး ဒေါ်မာဘောက် (အမျိုးသမီးအသင်းအဖွဲ့ဥက္ကဋ္ဌ)မှ သားအိမ်ခေါင်းကင်ဆာရောဂါမှာ အမျိုးသမီးများတွင် အဖြစ်အများဆုံးရောဂါဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အဖြစ်များဆုံးရောဂါဖြစ်ကြောင်း၊ ကာကွယ်နိုင်သောရောဂါဖြစ်သဖြင့် အသက်(၉)နှစ်မှ(၁၂)နှစ်အရွယ် အမျိုးသမီးငယ်များမှ ကာကွယ်ဆေးထိုးထားသင့်ကြောင်း၊ ရောဂါဖြစ်ကာစ အစောပိုင်းလက္ခဏာများ၊ ရောဂါရင့်ချိန်တွေ့ရှိရသော လက္ခဏာများအစရှိသော သားအိမ်ခေါင်းကင်ဆာဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)