မူဆယ်မြို့တွင် တရုတ်ငွေလဲဈေး ကျဆင်းသော်လည်း ကုန်ဈေးနှုန်းများ ဆက်လက်တက်နေ

မူဆယ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင်  ဩဂုတ်လပိုင်းအချိန်တွင် တရုတ်ငွေ ယွမ်(၁၀၀)ကို (၅၉၀၀၀) အထိ မြင့်တက်ခဲ့ပြီး ယခုအခါတွင် တရုတ်ငွေယွမ်(၁၀၀) ကို မြန်မာငွေဖြင့် ၄၇၀၀၀ထိ ကျဆင်းလာသော်လည်း ကုန်ဈေးနှုန်းများမှာ လိုက်ကျဆင်းမှုမရှိကြောင်း သိရသည်။

အဆိုပါ  ကုန်ဈေးနှုန်းများမြင့်တက်မှုကြောင့် ယခင်က ပေါ်ဆန်းမွှေးတစ်အိတ်ကို ၆ သောင်းကျပ်ရှိခဲ့ရာမှ ယခုအခါ  ၁ သိန်းဝန်းကျင်အထိ တက်ခဲ့ပြီး (၈၈၁)ဆန်တစ်ပြည်မှာလည်း အရင်က (၂၂၀၀)ကျပ် ဖြစ်ခဲ့ရာမှ ယခုချိန်တွင် (၃၂၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း မူဆယ်မြို့ ဆန်ရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

၀၀၉(မူဆယ်)