ကျောက်ပန်းတောင်း စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ်ရုံးရှိ လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြည်သူများ သိသင့်သိထိုက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ စာပေဝါသနာရှင်များ၊ စိတ်ပါဝင်စားသူပြည်သူများအား ဖိတ်ခေါ်၍ ပညာပေးဟောပြောပွဲများ၊ အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်နေသည့် နည်းတူ၊ ကလေးများအတွက် ပုံပြင်ပြောကဏ္ဍနှင့် စာပေဝါသနာရှင် လူကြီးများအတွက် စာအုပ်မိတ်ဆက် ကဏ္ဍ၊ လူမှုရေး/ ကျန်းမာရေးကဏ္ဍများကို အပတ်စဉ် Online စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် စာအုပ်စာပေချစ်မြတ်နိုးသူများနှင့်စုပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း အသိ ပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူကုန်ကူးမှုဖြစ်ပွားရသည့် သဘောသဘာဝများ၊ လူကုန်ကူးမှုဖြစ်ပွားအောင် လှုံဆော်လေ့ရှိသည့် ငွေရေးကြေးရေး၊ အလုပ်အကိုင်နှင့် ခေတ်မီပစ္စည်းကရိယာများပါဝင်သည့် မက်လုံးပေးဆွဲဆောင်မှုများအကြောင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်းစီ ဥပဒေအမှတ် (၄၁/၂၀၂၂) ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေအကြောင်းအရာများ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များကိုလည်းကောင်း၊ လူကုန်ကူးမှုဖြစ်ပွားသည်ကို တွေ့ရှိပါက အချိန်နှင့်တပြေးညီ ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေးဟောပြောပြီး တက်ရောက်လာသူ များက မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်လူငယ်များ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)