သတင်းများ

ကျုံပျော်မြို့နယ်၊ ကြခတ်တောကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၄၄)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Sep 22,2022
ကျေးရွာပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရရှိစေရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် သင်တောကြီးကျေးရွာအုပ်စု၊ ကြခတ်တောကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၄၄)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၊ ဆည်အောင်ကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းအသိပညာပေး ဟောပြော
Sep 22,2022
မိတ္ထီလာမြို့နယ်၊ ဆည်အောင်အုပ်စု၊ ဆည်အောင်ကျေးရွာ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းအသိပညာပေးဟောပြောပြီး လျှပ်စစ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကျေးရွာဒေသခံများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာရုံးမှ မန်နေဂျာဦးမင်းကိုထံက သိရသည်။
လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Sep 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 22,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှင်ဗွေယန်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး
Sep 22,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို​ ယမန်နေ့ နံနက် ၁၀ နာရီတွင် ထိုးနှံပေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် အပိုဆောင်းကာကွယ်ဆေးများထိုးနှံပေး
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယမန်နေ့နံနက်(၉)နာရီအချိန်က အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ်ထိုးနှံပေးခြင်းနှင့် အပိုဆောင်းကာကွယ်ဆေး Sinovac(Coronavac)များ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အင်္ဂပူမြို့နယ်တွင် မိုးစပါးစိုက် တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် (ဒုတိယအကြိမ်) ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေး
Sep 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးစိုက် တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ယူးရီးယား ဓာတ်မြေဩဇာ ဖြန့်ဖြူးခြင်းအခမ်းအနား ကျင်းပခဲ့သည်။
ကျိုင်းလပ်မြို့၌ အသားငါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်
Sep 22,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ အသားငါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ သိရှိနိုင်ရန် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း အသားငါးရောင်းချသည့်ဆိုင်များအား ယနေ့နံနက် ၈ နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။