မောင်တော အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းက အမှာစကားပြောကြားရာတွင် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်ပေးထားခြင်းအားဖြင့် နယ်စပ်ဒေသတိုင်းရင်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးများ ဆောင်ရွက်ကာ မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျဆောင်နိုင်မှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေကို တစ်ဘက်တစ်လမ်းမှ သမာအာဇီဝကျစွာ ရှာဖွေနိုင်ကြောင်း၊ တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး၊ လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်စေနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးတို့က အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းတွင် ထူးချွန်စွာ ပထမရရှိခဲ့သူအား ဆုရရှိသူအား ဆုများဂုဏ်ပြုဆုငွေနှင့် အပ်ချုပ်စက်တစ်လုံးအား ပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၃) ခရိုင်လဝကမှူး ဦးထွန်းလှဇံနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွန်ကြာရေးမှူး ဦးကျော်မြင့်ဦးမှ သင်တန်းဆင်းလက်မှတ်များနှင့် ဒုတိယ၊ တတိယ ဆုရရှိသူများအား အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်မိခင် ကလေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းမှ ဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ရာ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်း တက်ရောက်သင်ယူခဲ့သည့် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးနှင့် ဌာနဆိုင်ရာများက အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသူများ၏ လက်ရာများအား အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကြည်မှ လိုက်လံ ရှင်းလင်းပြသခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူများမှာ ကျေးလက်နေဒေသခံ တိုင်းရင်းသူများဖြစ်ရာ သင်တန်းမှ ပို့ချပေးလိုက်သည့် ပညာရပ်များဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရှိစေပြီး တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နိုင်ပြီးဖြစ်ကြောင်း သိရသည်။ အခမ်း အနားသို့ နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အိမ်တွင်းမှု ပညာသင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ကျော်စိန် ၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)