မင်းဘူးမြို့၌ စုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေးနှင့် မန်းရွှေစက်တော်ဘုရား သမိုင်းပြတိုက် တည်ဆောက်ခင်းကျင်းပြသနိုင်ရေး  အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မင်းဘူး အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စုပေါင်းမဟာဘုံကကိန်ကျင်းပပြုလုပ်နိုင်ရေးနှင့် မန်းရွှေစက်တော်ဘုရား သမိုင်းပြတိုက် တည်ဆောက်ခင်းကျင်းပြသနိုင်ရေးအတို့အအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်တို့က စုပေါင်းမဟာဘုံကကိန်ကျင်းပပြုလုပ်နိုင်ရေးနှင့် မန်းရွှေစက်တော်ဘုရားသမိုင်းပြတိုက် တည်းဆောက်ခင်းကျင်းပြသနိုင်ရေးတို့နှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဈေးတာဝန်ခံများက လာမည့် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စုပေါင်း မဟာဘုံကထိန်၌ မင်းဘူးနှင့် စကုမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ကထိန်မရရှိသေးသော ကျောင်းများအတွက် ပဒေသာပင်များ စိုက်ထူလှူဒါန်းနိုင်ရေး တင်ပြဆွေးနွေးခဲ့ကြပြီးနောက် တာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရားကြီး၌ ရွှေစက်တော်ဘုရားသမိုင်းပြတိုက် တည်ဆောက် ခင်းကျင်းပြသနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ဈေးတာဝန်ရှိများ၊ မန်းရွှေစက်တော်ဘုရားဂေါ်ပကအဖွဲ့၊ ဒေသအတွင်းရှိ သမိုင်းသုတေသီများနှင့် မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)