ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေး (Mask Campaign)ဆောင်ရွက်

ဝေါ  အောက်တိုဘာ   ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုမိုထိရောက်စွာ  ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက မင်းလမ်းမဘေးတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များတက်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် တာဝန်ရှိသူများက ပြင်ပသို့ သွားလာကြသော  ပြည်သူများနှင့်မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်း(Mask) များကို စနစ်တကျတပ်ဆင်ပြီးမှ  သွားလာကြရန်၊  လက်ကိုမကြာခနဆေးကြောရန်၊  ဟောင်းနွမ်း(Mask)များကို  မတပ်ဆင်ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးအကြောင်းအရာများကိုပြောကြားပြီး နှာခေါင်းစည်း(Mask)များစစ်ဆေးခြင်းဖြင့် နှာခေါင်းစည်း(Mask)မတပ်လာသူများအား နှာခေါင်းစည်း(Mask)တက်၍ အိမ်ပြင်ထွက်ရန် ပညာပေးစကားပြောကြားပြီးနှာခေါင်းစည်း (Mask) မပါလာသူများကို  (Mask) တပ်ပေးခဲ့ကြောင်းသိရသည်။

ဝေါမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)