မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၄) ဆင်းပွဲကျင်းပ

မြိတ် အောက်တိုဘာ 

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြှင့်မားစေရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် () သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ် (၂၂) ပတ်ကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတိုးသမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာ အပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့် သင်ခန်း စာများ သင်ကြားပေးခဲ့ကြောင်းထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာ ရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးပြီး အသိညာပေးဟောပြောပွဲများလည်း ပြုလုပ်ပေးခဲ့ကြောင်း၊ သင်တန်းကို မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်မှ()ဦး၊ ကျွန်းစုမြို့နယ်မှ()ဦး၊ ပုလော မြို့နယ်မှ () ဦးနှင့် မြိတ်မြို့နယ်မှ (၁၆) ဦး စုစုပေါင်းသင်တန်းသူ အမျိုးသမီးငယ် (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သင်တန်းကျောင်းမှ သိရသည်။

သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးဉာဏ်ဇော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသူအား အပ်ချုပ်စက်တစ်လုံး ချီးမြှင့်ပေးအပ်သည်။ ထိုနောက် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများကိုယ်စား ကျွန်းစုမြို့နယ်မှ နော်စန္ဒာလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

သင်တန်းတက်ရောက်ကြသည့် သင်တန်းသူတစ်ဦးကို သင်တန်းကျောင်းမှ ပိတ်စကိုက်(၂၉) သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ သင်တန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးပြီး  စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံနှင့်တူညီဝတ်စုံများနှင့် အသွားအပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက် )