ဝမ်းတွင်း အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ညောင်အုပ်ဖီးကျေးရွာအုပ်စု၊ ညောင်အုပ်ဖီး ကျေးရွာ ဘုန်းကံပွင့်ဘုရား ဓမ္မရုံတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မိုးဦးမှ ဒေသဖွံ့ဖြိုးရေးနှင့်အေးချမ်းသာယာရေးအတွက် စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဒေသအတွင်းဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီးဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ်ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လက်ရှိလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်မြေအတွင်းဆောင်ရွက် လျက်ရှိသော တည်ငြိမ်းအေးချမ်းရေး၊ နယ်မြေလုံခြုံ ရေးဆိုင် ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ဒုရဲမှူးမြင့်ဌေးမှ ခိုးဆိုးလုနှိုက်နှင့် ဒုစရိုက်မှုများဖြစ်ပွားမှုမရှိစေရေး၊ ထူးခြားမှု ဖြစ်စဉ်များရှိပါက ပြည်သူများအနေဖြင့်သတင်းပေးကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက် ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသောစိုက်ပျိုးရေ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး ညောင်အုပ်ဖီးတိုက်နယ်ဆေးရုံဒေါက်တာ ပိုင်စိုးသူမှ ကိုဗစ်၁၉ရောဂါမျိုးကွဲအကြောင်းသိကောင်းစရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ လုပ်ငန်းများကိုရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး နှံပြီး (၆)လအထက်ရှိသူ ဒေသခံပြည်သူ(၃၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မွေးတိုးစာရင်း(၁၀)ဦး၊ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်(၃)ဦးတို့အား ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူစုစုပေါင်း (၁၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)