ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၂၅၀၀၀) ကျော် ထုတ်ချေးပေးသွားမည်
Oct 13,2022
နိုင်ငံတော်အစိုးရနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာအရင်း အနှီးများ ရရှိစေရေးအတွက် နှစ်စဉ်ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာ၊ ပမ္မတီး ရပ်ကွက်နှင့် ဆင်ဘိုမြို့ အောင်ချမ်းသာရပ်ကွက်မှ တောင်သူများအား အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၄၀၀၀) ခန့် ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မြစ်ကြီးနားခရိုင် ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။