ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် စားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သုခလမ်း၊ သုခဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။
ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ ဆန်တစ်ပြည်(၁၇ဝဝ)ကျပ်၊ ကြက်ဥတစ်လုံး(၁၇၅)ကျပ်၊ ဆီတစ်ပိသာ (၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချစဉ် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန့်ဇင်နှင့်တာဝန်ရှိသူများက ပြည်သူများအဆင်ပြေစေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ဈေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း(၁၂၀၀)ခုအား ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို